ရန်ကုန်တွင် စစ်အုပ်စုကို ဆန္ဒပြ

ရန်ကုန်တွင် စစ်အုပ်စုကို ဆန္ဒပြ
စက်တင်ဘာ 19, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်မြို့ တစ်နေရာတွင် ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်၍ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

ဆန္ဒပြရာတွင် "ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ”၊ “ကုန်စျေးနှုန်းများကျဆင်းရေး ဒို့အရေး"၊ “စစ်မှုထမ်းဥပဒေ အလိုမရှိ” စသည်ဖြင့် ကြွေးကြော်ကာ တိုက်ပွဲဝင်အလံများ၊ မီးတုတ်များကိုင်စွဲ၍ သပိတ်အင်အားစုများနှင့် ပြည်သူများ ပူးပေါင်းချီတက်ခဲ့ကြသည်။ 

ပြောက်ကျားသပိတ် စတင်သည်နှင့် တပြိုင်နက် လမ်းဘေးဝဲယာရှိ ပြည်သူများ ပူးပေါင်းဝန်းရံခဲ့ကြပြီး ယာဥ်ကြောပိတ်ဆို့မှုများ မိနစ်ပိုင်းကြာ ဖြစ်ပွားခဲ့သည်။ 

အထွေထွေကျပ်တည်းမှုများနှင့် တစ်ပြည်လုံး ရေဘေးကူညီကယ်ဆယ်ရေးများတွင် တာဝန်မဲ့ ပျက်ကွက်နေသည့် စစ်အာဏာရှင်နှင့် စစ်အုပ်စု ကို လူငယ်သပိတ်ကော်မတီ​(YSC)၊ ရွှေပြည်သာ သပိတ်ကော်မတီ (SPTSC)နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)တို့ နှင့်အတူ ကျောင်းသား ပြည်သူများ ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။

#TachileikNewsAgency

Photo: စမ်းချောင်းပင်မသပိတ်စစ်ကြောင်း