ရွှေကူနယ်တွင် စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးမှုများရှိ

ရွှေကူနယ်တွင် စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးမှုများရှိ

ကချင်ပြည်နယ်၊ ရွှေကူနယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းအား မေလ(၂၂)ရက်နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်ထားသည်။

အင်အား (၄၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ရွေကူမြို့နယ်၊ သင်္ဘောအင်းရွာမှ မိုးစစ်ရွာဖက်သို့ ခြေလျှင်ဆုတ်ခွာလာစဥ် KPDF အရံကာကွယ်ရေးတပ်မှ H-22 လက်လုပ် ရှေ့ထွက်မိုင်း (၆)လုံးဖြင့် လမ်းခုလတ်တွင် စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ၏ လက်ထောက်ကျည် ၄၀ မမ (၁၃)လုံး သိမ်းဆည်းရရှိခဲ့ကြောင်း မြို့လှ PDF ၏ ထုတ်ပြန်မှုအရ သိရသည်။

စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများအား ပေါက်ကုန်းရွာဦးမှတဆင့် ရေကြောင်းမှ မော်တော်ဖြင့် ရွှေကူမြို့သို့ သယ်ဆောင်သွားကြောင်း သိရသည်။