တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေး စိတ်သစ် လူသစ်ဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးကြောင်း ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ဆို

 ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပသည့် ခရစ္စမတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲမှ ပုံများဖြစ်သည်။

ဒီဇင်ဘာ 23, 2021 | အခြားဒေသများ

အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည့်   ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၏ ခရစ္စမတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲတွင် "မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းမှု၊ စည်းလုံးတိုးတက်မှုများ ရရှိစေရေးအတွက် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန်လေးစားမှု၊ အနာဂတ် လူငယ်မျိုးဆက်သစ်များအတွက် အခွင့်အရေးဖန်တီးပေးမှုများ စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေး လုပ်ငန်းများကို စိတ်သစ် လူသစ်များဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးကြောင်း   ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ခရစ္စမတ်သဝဏ်လွှာအဖြစ် ထည့်သွင်း ဖတ်ကြားသည်။

ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ရန်ကုန်မြို့၌ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကျင်းပသည့်  ၂၀၂၁ ခုနှစ် ခရစ္စမတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲသို့ အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး အလှူငွေ ကျပ်သိန်း(၂၀၀)လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် ကျင်းပသည့် ခရစ္စမတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲမှ ပုံများဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့ရှိ ကက်သလစ်သာသနာဘုရားကျောင်း အများအပြားမှာ အာဏာသိမ်းစစ်တပ်၏ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ပျက်ဆီးမှုများအပြင် မီးရှို့ခံရမှုများကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသော်လည်း ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ခရစ္စမတ်သဝဏ်လွှာတွင် တစ်ခွန်းမှ ထည့်သွင်းကာ ပြောကြားခြင်း၊ ဆုတောင်းပေးခြင်းများ မပါဝင်၍ ကက်သလစ်ဘုန်းတော်ကြီးများ အပါအဝင် ဘာသာတူသူများ၏ ဝေဖန်မှုများမှာ ကက်သလစ်ဘာသာတူသူများ၏ Facebook စာမျက်နှာများတွင်လည်း တွေ့ရသည်။

#TachileikNewsAgency