CDM ရဲမှူး ဦးတင်မင်းထွန်း၏ နေအိမ်ကို စစ်ကောင်စီတပ်က ချိတ်ပိတ်

CDM ရဲမှူး ဦးတင်မင်းထွန်း၏ နေအိမ်
CDM ရဲမှူး ဦးတင်မင်းထွန်း၏ နေအိမ်
CDM ရဲမှူး ဦးတင်မင်းထွန်း၏ နေအိမ်ကို စစ်ကောင်စီတပ်က ချိတ်ပိတ်
ဖေဖော်ဝါရီ 7, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ CDM ရဲမှူး ဦးတင်မင်းထွန်း၏ နေအိမ်ကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ ဖေဖေါ်ဝါလ (၇)ရက်နေ့  ညနေပိုင်းတွင် လာရောက် ချိတ်ပိတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

မြောက်ဥက္ကလာပ၊ (စ)ရပ်ကွက်၊ သန္တာ(၄)လမ်းရှိ CDM ရဲမှူး ဦးတင်မင်းထွန်း၏ နေအိမ်ကို ညနေ(၄)နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများ ရောက်ရှိလာကာ ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရဲမှူးတို့မိသားစုတွေက CDM လုပ်ပြီးကတည်းက နေအိမ်ကို သော့ခတ်ပိတ်ထားပြီး ရှောင်တိမ်းနေခဲ့ကြတာ။

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

ရဲမှူး ဦးတင်မင်းထွန်းမှာ အဆင့်မြင့်အရာရှိထဲမှ ပထမဆုံး CDM ပြုလုပ်သူဖြစ်ပြီး ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့၏ ယာယီရဲမှူးအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့သူဖြစ်သည်။

#TachileikNewsAgency