မကွေးတိုင်းတွင် ဇူလိုင်လအတွင်း တိုက်ပွဲအကြိမ် ၂၀ ဖြစ်ပွားဟု NUG ထုတ်ပြန်

မကွေးတိုင်းတွင် ဇူလိုင်လအတွင်း တိုက်ပွဲအကြိမ် ၂၀ ဖြစ်ပွားဟု NUG ထုတ်ပြန်

မကွေးတိုင်းတွင် ၂၀၂၃ခုနှစ် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲပေါင်း အကြိမ်(၂၀)ဖြစ်ပွားခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သြဂုတ်လ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လအတွင်း ပခုက္ကူခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်းများဖြစ်သည့် တပ်ရင်း (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၈)၊ (၁၀)၊ (၁၁)၊ (၁၂)၊ (၁၉)တပ်ရင်းများနှင့် စစ်ကောင်စီတပ် တပ်မ (၅၅)၊ တပ်မ (၇၇)၊ တပ်မ(၉၉)၊ တပ်မ (၁၀၁)၊ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၊ ခလရ (၂၅၈)၊ ခလရ (၂၅၁)နှင့် ပျုစောထီး ပူးပေါင်းအင်အားများအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲများမှာ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ဆောမြို့နယ်၊ ဆားလင်းကြီးမြို့နယ်တို့တွင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၆၃)ဦးသေကာ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် (၃)ဦး ကျဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း သေဆုံးစာရင်းကို Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်သေးပါ။

#TachileikNewsAgency

Photo : ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်တပ်ရင်း ၃