နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း တောင်ကျချောင်းရေကြာင့် နေအိမ်များနစ်မြုပ်

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း တောင်ကျချောင်းရေကြာင့် နေအိမ်များနစ်မြုပ်
စက်တင်ဘာ 12, 2024 | အခြားဒေသများ

နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း တောင်ကျရေကြောင့် ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့တွင် နေအိမ်များ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံက သိရသည်။

နေအိမ်များရေနစ်မြုပ်ပြီး တောင်ကျချောင်းရေလည်း ရေစီးသန်နေသဖြင့် ဒေသခံအများအပြား ပိတ်မိနေကာ ကယ်ဆယ်ရေး အကူအညီတောင်းခံခြင်းများ ရှိနေပြီး ရေလည်းဆက်တက်လာနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ