စစ်ခေါင်းဆောင်ကို ဝေဖန်သည့် ငါးမင်းဆွေကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း စစ်ကောင်စီလော်ဘီများက ဖော်ပြသည်။
စစ်ခေါင်းဆောင်အား ဝေဖန်သည့် ငါးမင်းဆွေကို လှိုင်မြို့နယ်ရဲစခန်းက အမှုဖွင့်ထားပြီး မွန်ပြည်နယ် ကျိုက်ထိုရဲစခန်းက ဖက္ကလိပ်ကျေးရွာ၊ အမှတ်(၂၇) ဗိုလ်ချုပ်လမ်းတွင် ဖမ်းဆီးသွားကြောင်း သိရသည်။
ငါးမင်းဆွေသည် ၎င်း၏လူမှုကွန်ယက်စာမျက်နှာ Facebook တွင် “စစ်ဗိုလ်ချုပ်မှူးကြီး တဲ့ သူ့လက်ထက် အောင်ပွဲရတဲ့စစ်ပွဲတစ်ပွဲမှ မရှိဘူး”၊ “အစ်ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ် တစ်သောင်းတန်တွေရိုက်ထုတ် ပြီးတော့”၊ “ကိုရည်မွန်က တစ်ဖြည်းဖြည်းနဲ့ နေပြည်တော်ကို ရောက်လာတော့မယ် အစ်ကိုလှိုင်”၊ “အစ်ကိုလှိုင်က တစ်ရုတ်က ပြန်လာရင်တော့ တစ်ကယ်ကြမ်းတော့မှာလို့ ယူ ဆမိပါတယ်”စသည်ဖြင့် ပြောဆိုခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။
ငါးမင်းဆွေအား လှိုင်မြို့နယ်ရဲစခန်းတွင် (ပ)၂၇၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုဖြင့် အရေးယူအမှုဖွင့်လှစ်ထားသည်ဟု သိရသည်။
#TachileikNewsAgency