တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ တပ်မဟာ(၄)တွင် ယမန်နေ့ မတ်လ(၁၃)ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်ကို KNDO က တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် အများအပြားသေပြီး လက်နက်မျိုးစုံကို သိမ်းဆည်းရမိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်လာသည်။
KNDO တပ်ရင်း ဗိုလ်အယ့်ခွီး ဦးဆောင်သည့် တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီအကြား နံနက်(၁၁) နာရီမှ စတင်ကာ တိုက်ပွဲ(၁)နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိသော အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများမှာ 60 MM (၁)လက်၊ ကျည်( ၁ )လုံး၊ 2.8 ထူးအိမ်ဟာ (၁)လက်၊ RPG (၁)လက်၊ ကျည်(၂)လုံး၊ 16 AK (၄)လက်၊ ဘော်ကာ (၁)လက်၊ ပစ္စတို (၁)လက်၊ လက်ပစ်ဗုံး (၁)လုံး၊ ၁၄ မိုင်း (၁)လုံးနှင့် ငွေကျပ် နှစ်သိန်းကျော် ထိုင်းဘတ်ငွေ(၅၀၀)ဘတ်သိမ်းဆည်း ရရှိခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ သေဆုံးသူများထဲတွင် ဗိုလ်ကြီး နှစ်ဦး ပါရှိနိုင်ကြောင်း သိမ်းဆည်းရရှိခဲ့သည့် ပစ္စည်းများအရ ခန့်မှန်းထားသည်။