ရေဦးမြို့တွင် ပြည်သူများကို အဓမ္မပေါ်တာဆွဲဖမ်းဆီးထားသည့် စစ်ကောင်စီစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်

ရေဦးမြို့တွင် ပြည်သူများကို အဓမ္မပေါ်တာဆွဲဖမ်းဆီးထားသည့် စစ်ကောင်စီစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အထက(၁) ကျောင်းတွင် ပြည်သူများကို အဓမ္မပေါ်တာဆွဲဖမ်းဆီးထားသည့် စစ်ကောင်စီစခန်းအား Fix Wing Droneနှစ်စီးဖြင့် ဗုံးသီး (၂)လုံးချ၍ တိုက်ခိုက်ကြောင်း ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း၊ ရေဦး PDFမှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အထက (၁) ကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသည့်နေရာသို့ ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ကြောင်း ရေဦး PDF က သတင်းထုတ်ပြန်သည်။

ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားများ ဖရိုဖရဲဖြစ်နေချိန်တွင် အဓမ္မပေါ်တာဆွဲခံထားရသည့် ပြည်သူများထဲမှ (၈)ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၎င်းတို့ကို ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်း၊ ရေဦး PDFမှ ကူညီဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။

အဆိုပါတော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ရေဦးမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF