စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ကာ နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် CDF-Hakha တပ်တည်ထောင်သည့် (၄)နှစ်တာ ကာလအတွင်း ရဲဘော် (၅၂)ဦး သေဆုံးပြီး (၁၈၃)ဦး ဒဏ်ရာရရှိသည်ဟု CDF-Hakha က ယနေ့ ၂၀၂၅ ခုနှစ် မတ်လ (၂၁)ရက်နေ့တွင် ထုတ်ပြန်သည်။
CDF-Hakhaနှင့် စစ်ကောင်စီတပ်တို့အကြား (၄)နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း (၃၂၆)ကြိမ် ဖြစ်ပွားပြီး ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီစစ်တပ်နှင့် တိုက်ပွဲ (၁၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ဟားခါးမြို့တွင်း၌ပင် စစ်ဆင်ရေးကို အကြိမ်(၁၅၀) ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
တော်လှန်ရေး (၄)နှစ်အတွင်း ဟားခါးမြို့နယ်တွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အရပ်သား(၂၃)ဦး သေဆုံးခဲ့ရပြီး နေအိမ်(၂၆၀)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကာ အရပ်သား တစ်ထောင်ကျော်လည်း မတရားဖမ်းဆီးနှိပ်စက်ခံခဲ့ရသည်ဟု ဆိုသည်။
CDF-Hakha အနေဖြင့် တိုင်းပြည်နှင့် လူမျိုး လွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးအောင် ပြည်သူလူထု၊ အခြားတော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်မည်ဟုလည်း ထုတ်ပြန်ထားသည်။
CDF-Hakha သည် အာဏာရှင်စနစ် အမြစ်ပြတ်ချေမှူန်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်တို့အတွက် ၂၀၂၁ခုနှစ် မတ်လ(၂၁)ရက်နေ့မှ စတင်ဖွဲ့စည်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေခြင်းဖြစ်သည်။
#TachileikNewsAgency