ကော်သူးလေတပ်မတော်(KTLA)၏ ဒုတိယရုံးထိုင်မှူးချုပ် ဗိုလ်မှူးစောအင်္ဂလိပ်(ခေါ်)စောဝါးနေမူးကို ထုတ်ပယ်ကြောင်း KTLA ထံမှ သိရသည်။
ဗိုလ်မှူးစောအင်္ဂလိပ်နှင့်အတူ ၄င်း၏ ရဲဘော်(၆)ဦးနှင့်အတူ လက်နက်တချို့အား ယူဆောင်ကာ ထွက်သွားသဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency ၏ စုံစမ်းသိရှိချက်အရ ၎င်းသည် ပြီးခဲ့သည့် မေလ(၂၃)ရက်နေ့တွင် စောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်(BGF) နှင့် ပူးပေါင်းသွားခြင်း ဖြစ်သည်ဟု သိရသည်။
ကော်သူးလေတပ်မတော်(KTLA)သည် ဗိုလ်မှူးကြီးစောနယ်ဒါးမြ KNDO စစ်ဦးစီးချုပ်ရာထူးမှ ရပ်ဆိုင်းခံလိုက်ပြီးနောက်
၎င်းဦးဆောင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
#TachileikNewsAgency