လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ  အခြေခံစစ်သင်တန်း အပတ်စဉ် ၆ ကျင်းပပြုလုပ်

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ  အခြေခံစစ်သင်တန်း အပတ်စဉ် ၆ ကျင်းပပြုလုပ်
စက်တင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှ အခြေခံစစ်သင်တန်း အပတ်စဉ် (၆) သင်တန်းဆင်းအခမ်းအနား ကျင်းပပြုလုပ်ကြောင်း သိရသည်။

သင်တန်းဆင်း အခမ်းအနားကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် သင်တန်းကွင်း၌ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စစ်ကြောင်းအလိုက် ချီတက်အလေးပြုခြင်း၊ ဂုဏ်ပြုမိန့်ခွန်းဖတ်ကြားခြင်းနှင့် ထူးချွန်စစ်သည်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အစီအစဉ်များပါဝင်ခဲ့ကြောင်း သိရသည်။

အခြေခံစစ်သင်တန်း အပတ်စဉ် (၆) သည် ရာသီဥတုဆိုးဝါးခြင်း၊ ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ခံရခြင်း စသည့် အခက်အခဲများဖြင့် စီစဉ်ခဲ့ရပြီး ၊ သင်တန်းဆင်းရဲဘော်များသည် မကြာမီအချိန်အတွင်း PRA-Magway ၏ ဌာနအသီးသီးတွင် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။ 

PRA-Magway အဖွဲ့ကို စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရက္ခိုင့်တပ်တော်(AA) ၏ အကူအညီများနှင့်အတူ တော်လှန်ရေးအင်အားစုအသီးသီးနှင့် လက်တွဲပြီး မကွေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: People's Revolution Alliance