ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသတွင် ရဲနှင့် KPDF တို့ပစ်ခတ်မှုဖြစ်ပြီး ရဲနှစ်ဦးသေ တစ်ဦးဖမ်းဆီးခံရ

ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသတွင် ရဲနှင့် KPDF တို့ပစ်ခတ်မှုဖြစ်ပြီး ရဲနှစ်ဦးသေ တစ်ဦးဖမ်းဆီးခံရ
ဖေဖော်ဝါရီ 25, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ကချင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်(KPDF)တို့ ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး ရဲ(၂)ဦးသေကာ တစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ဆိုင်းတောင်ဒေသတွင် ရဲတပ်ရင်း(၃၀)မှ ရဲတပ်ဖွဲ့ဝင်(၇)ဦးနှင့် KPDF တပ်ဖွဲ့ဝင် (၃)ဦးတို့ ပစ်ခတ်မှုဖြစ်ပြီးနောက် ဆိုင်းတောင်အပတ်စဉ်(၆၅)မှ ရဲအရာရှိ(၂)ဦးသေကာ တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု KPDFမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

“ဖမ်းမိတာက ရိုးရိုးတပ်သားပါ။ သေတာကာ ရဲအရာရှိ။ ပစ်ခတ်မှုဖြစ်တာက ရှမ်းကုန်းဈေးမှာဖြစ်ကြတာ။ ဈေးဝယ်ပြီးအပြန် ထိတ်တိုက်တွေ့လို့ ပစ်ခတ်မှုတွေဖြစ်ကြတာ။”ဟု ၎င်းကပြောသည်။

ပစ်ခတ်မှုကြောင့် ဒေသခံများလည်း ထွက်ပြေးခဲ့ကြရပြီး အသေးစိတ်အချက်အလက်ကို မေးမြန်းရန် ထပ်မံဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရသေးပါ။

#TachileikNewsAgency