ဖြူးမြို့နယ်တွင် နှစ်ရက်ကြာတိုက်ပွဲဖြစ်  

ဖြူးမြို့နယ်တွင် နှစ်ရက်ကြာတိုက်ပွဲဖြစ်  

ပဲခူးတိုင်း ဖြူးမြို့နယ်‌ လိပ်ပေါကျေးရွာနှင့် စက်ကုန်းကျေးရွာတို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်းတို့ (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသထံမှ သိရသည်။

၂၀၂၄ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား (၁၉)ဦးသေကာ (၉)ဦး ဒဏ်ရာရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။ 

ဖြူး ပကဖ မဟာမိတ်အဖွဲ့နှင့် စစ်ကြောင်း(၁) Drone Team အဖွဲ့များက ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်၏ တပ်စွဲထားရာနေရာများကို ဩဂုတ်လ (၁၉)ရက်နေ့တွင် ဒရုန်းဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

 

ဩဂုတ်လ (၂၀)ရက်နေ့တွင် တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲရှိ ရိုးမ(၁)စစ်ကြောင်း၊ PDO ပူးပေါင်းအဖွဲ့တို့က စက်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ လိပ်ပေါရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

ယင်းနေ့တွင်ပင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ကပစ ၅.၅၆ ကျည် (၁၉၅)တောင့်၊ လွယ်အိတ်(၂)လုံးနှင့် ဆေးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency