မြို့လှမြို့နယ်အတွင်း  ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မြို့လှ KPDF က စောင့်ကြို တိုက်ခိုက်

မြို့လှမြို့နယ်အတွင်း  ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မြို့လှ KPDF က စောင့်ကြို တိုက်ခိုက်
ဧပြီ 23, 2022 | အခြားဒေသများ

 ကချင်ပြည်နယ်၊ မြို့လှမြို့၊ ချောင်းဝရွာမှ မင်းကျောင်းကုန်းရွာဖက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဧပြီလ(၂၂)ရက်နေ့ ည(၇)နာရီခွဲက စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က အများအပြားသေနိုင်ကြောင်း မြို့လှ KPDF တပ်က ယနေ့ဧပြီလ(၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အင်အား (၄၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းကို  အင်းစောင်းတနေရာ၌ ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ KPDF တပ်ခွဲ (၁) မှ စောင့်ကြိုပြီး  RPG လက်နက်နှင့် 79 mm များဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်၏ စစ်ကြောင်းချီရာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း မြို့လှ KPDF တပ်မှ အထိအခိုက်မရှိ အသာစီးဖြင့် ဗျူဟာကျ ကစားကွက်ရွှေ့နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။