မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDFတပ်များ လက်နက်ကြီးနှင့်ပစ်ခတ်

မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDFတပ်များ လက်နက်ကြီးနှင့်ပစ်ခတ်

စစ်ကိုင်းတိုင်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက (၆၀)မမ၊ (၈၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့သည်ဟု Golden Eagle Force-Monwyaကဆိုသည်။

တိုက်ခိုက်မှုကို Golden Eagle Force-Monwya၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၂၇) Black Dragon Force၊ God of Monwya Defence Forceတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၂၉)ရက်နေ့ကလည်း မုံရွာမြို့ရှိ ပလဖစခန်းအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ဒေသကာကွယ်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်မှုကြောင့် အထိနာသည့် စစ်ကောင်စီတပ်သည် Mi 35ဖြင့် လေကြောင့်မှ လာရောက်ပစ်ခတ်ခဲ့သဖြင့် ဒေသကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency