ရေစကြိုမြို့ ၂၅၈ တပ်မှ ဗိုလ်ကြီးဇော်လင်း၏ တပ်ပြောင်း ပစ္စည်းများတင်လာသည့်ကား ဖမ်းဆီးရမိ

ရေစကြိုမြို့ ၂၅၈ တပ်မှ ဗိုလ်ကြီးဇော်လင်း၏ တပ်ပြောင်း ပစ္စည်းများတင်လာသည့်ကား ဖမ်းဆီးရမိ
စက်တင်ဘာ 2, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့ ဖူလုံစစ်တပ် (၂၅၈)တပ်မှ ဗိုလ်ကြီးဇော်လင်း၏ တပ်ပြောင်း၊ တပ်ချိန်းပြုလုပ်စဉ် ပစ္စည်းများသယ်ဆောင်လာသောကားကို ရေစကြို-ပခုက္ကူလမ်း၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် Southern YSO PDF အဖွဲ့က ဖမ်းဆီးရရှိကြောင်း သိရသည်။ 

ဗိုလ်ကြီးဇော်လင်း၏ အိမ်ထောင်ပရိဘောဂ ပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပြီး ကားဒရိုင်ဘာတစ်ဦးအပြင် ပြီးခဲ့သည့် (၈)လက ရေစကြို (၂၅၈)တပ်တွင် တာဝန်ထမ်းဆောင်ပြီး ရှမ်းမြောက်ဒေသတွင် သေဆုံးသွားသည့် တပ်မိသားစုဝင် သားအမိ(၂)ဦးကိုပါ ဖမ်းဆီးရရှိသည်ဟု သိရသည်။ 

သိမ်းဆည်းရရှိမိသော ပစ္စည်းများတွင် အိမ်ထောင်ပရိဘောဂပစ္စည်းများ၊ ဗိုလ်ကြီးဇော်လင်း၏ စစ်သင်တန်းဆင်း လက်မှတ်များ၊ ဗိုလ်ကြီးဇော်လင်း ၏ လစာထုတ် အင်းဝဘဏ်စာအုပ်များ၊ တပ်တွင်းအပေါင်ခံ လစာထုတ်ကဒ်များ၊ ဗိုလ်ကြီးဇော်လင်း၏ မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံများ၊ ၎င်း၏ ရည်းစားစာများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

သိမ်းဆည်းရရှိသော Canter ကားမှာလည်း စစ်ကောင်စီတပ်က အသုံးပြုသုံးစွဲနေသော ကားဖြစ်သဖြင့် Southern YSO PDF အဖွဲ့မှ တော်လှန်ရေး လုပ်ငန်းစဉ်များအသုံးပြုရန်အတွက် သိမ်းဆည်းသွားမည်ဟု သိရသည်။ 

ဖမ်းဆီးရရှိသည့် လူပုဂ္ဂိုလ်များကို မြေပြင်သတင်းသတင်းအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားပြီး အပြစ်မရှိသူများကို ပြန်လည်လွှတ်ပေးမည်ဟုသိရသည်။

#TachileikNewsAgency

Photo: Southern YSO PDF