ချောင်းဦးမြို့ ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ချောင်းဦးမြို့ ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့ ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပဒေသမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ချောင်းဦးမြို့ပေါ်ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် အင်အား (၁၅)ဦးခန့် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့ နံနက် (၉)နာရီခန့်တွင် ချောင်းဦးမြို့ပေါ်ရှိ တမာမြိုင်ရပ်ကွက် သုံးဆူဘုရားနှင့် လေးဆူဘုရားဝန်းကျင်တွင် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် တပ်ဖွဲ့ (၃) မှ ဒုခွဲမှူး ဦးဆောင်မှုဖြင့် (၂)လုံး ပဒေသာမိုင်းသုံးကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

#TachileikNewsAgency