တန်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အလင်းဝင်

တန်ဆည်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အလင်းဝင်

စစ်ကိုင်းတိုင်း တန်ဆည်မြို့နယ် တန်ဆည်မြို့မရဲစခန်းတွင် တာဝန်ကျနေသော ရဲဒုတပ်ကြပ် တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ယနေ့ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၀)ရက်နေ့တွင် အလင်းဝင်လာကြောင်း Freedom Revolution Force ထံမှ သိရသည်။ 

အဆိုပါ ရဲဒုတပ်ကြပ်သည် G3 တစ်လက်၊ ကျည်ဘောက် (၂)ခု၊ (၇.၆၂)ကျည် (၁၇၃)တောင့်၊ (၅.၅၆)ကျည် တစ်တောင့်၊ (၉) မမ ပစ္စတိုကျည်(၇)တောင့်၊ (၉)လုံး ရှော့ဂန်းကျည် တစ်တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့် လက်ထိပ်တစ်ခုယူဆောင်လာပြီး Freedom Revolution Force(FRF) နှင့် မင်းကင်း ရင်း (၂) ပူးပေါင်းအဖွဲ့ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency