အုတ်ဖိုမြို့နယ်တွင် ကျည်လွဲအဆောင်နှင့် လက်ပစ်ဗုံးသယ်ကာ သွားလာနေသည့် အုပ်ချုပ်‌ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုမြို့နယ်တွင် ကျည်လွဲအဆောင်နှင့် လက်ပစ်ဗုံးသယ်ကာ သွားလာနေသည့် အုပ်ချုပ်‌ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် ကျည်လွဲအဆောင်နှင့် လက်ပစ်ဗုံးသယ်ကာ သွားလာနေသည့် အုပ်ချုပ်ရေးမှူးကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုက ယနေ့ ၂၀၂၄ ခု နှစ် ဩဂုတ်လ(၁၉)ရက်နေ့တွင် ပစ်ခတ်လိုက်ကြောင်း သိရသည်။

ကျည်လွဲအဆောင်နှင့် လက်ပစ်ဗုံးသယ်ကာသွားလာနေသည့် နှောကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အောင်ဝင်း ဆိုသူအား ၎င်းနေထိုင်သည့် အုန်းပင်စုကျေးရွာ လမ်းမဘေး၌ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက သေနတ်ဖြင့် (၃)ချက်ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။

၎င်းထံမှ လက်ပစ်ဗုံးတစ်လုံး၊ ကျည်လွဲအဆောင်တစ်ခု၊ မှတ်ပုံတင်တစ်ခု၊ စစ်မှုထမ်းထောက်ပံ့ငွေ ကောက်ခံသည့်စာရင်းစာအုပ်တို့အား  သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူး အောင်ဝင်းသည် စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲများ သွားလာနေသည့် လမ်းများဟုဆိုကာ ပြည်သူများ အသုံးပြုနေသည့် ကျေးရွာချင်းဆက်လမ်းများအား ဘူဒိုဇာဖြင့် ဖျက်ဆီးခိုင်းခြင်း၊ တော်လှန်ရေးတပ်ဖွဲများနှင့် PDFရဲဘော်များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ ဒေသခံများကို လက်ပစ်ဗုံးပြ၍ လက်နက်အားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေသောကြောင့် အရေးယူရခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency