ဝက်လက်မြို့နယ် ရွှေပန်းကုန်း‌ကျေးရွာရှိ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရာ စခန်းမှူးအပါ ရဲ ၁၆ ဦး အရှင်မိ

ဝက်လက်မြို့နယ် ရွှေပန်းကုန်း‌ကျေးရွာရှိ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ရာ စခန်းမှူးအပါ ရဲ ၁၆ ဦး အရှင်မိ
နိုဝင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွှေပန်းကုန်း‌ကျေးရွာရှိ စစ်ကောင်စီတပ်၏ ရဲစခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဝက်လက် PDFထံမှ သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့်  လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၃)ဦး သေဆုံး၊ စခန်းမှူး၊ ဒုရဲအုပ်(၂)ဦး အပါအဝင် (၁၆)ဦး အရှင်မိပြီး သေနတ် (၃၁)လက်၊ ကျည်ဘောက် (၃၈)ခု၊ လက်ပစ်မိုင်း (၃၂)လုံး၊ ကျည်မျိုးစုံ (၆၄၀၀)ကျော်နှင့် တခြား စစ်‌အသုံးဆောင်ပစ္စည်းများလည်း ရရှိခဲ့သည်ဟု သိရသည်။

၎င်းစခန်းသိမ်းတိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို အမှတ်(၂)ရွှေဘိုခရိုင် ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း တပ်ဖွဲ့များ၊ (ရသာကြီး၊ လှတောနှင့် ရွှေပန်းကုန်း) တိုက်နယ် ပကဖတို့ ပူပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : People's Servant Revolution - Wetlet