အားပေးထောက်ခံကြသော အဖိနှိပ်ခံမြန်မာပြည်သူတစ်ရပ်လုံးအား ညီနောင်မဟာမိတ်သုံးဖွဲ့က ကျေးဇူးတင်စကားဆို

အားပေးထောက်ခံကြသော အဖိနှိပ်ခံမြန်မာပြည်သူတစ်ရပ်လုံးအား ညီနောင်မဟာမိတ်သုံးဖွဲ့က ကျေးဇူးတင်စကားဆို

၁၀၂၇ စစ်ဆင်ရေး (ပ+ဒု)နှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲများကို အားပေးထောက်ခံကြသော အဖိနှိပ်ခံမြန်မာပြည်သူတစ်ရပ်လုံးအား ညီနောင်မဟာမိတ် (၃)ဖွဲ့ အလေးအနက် ကျေးဇူးတင်ရှိကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။

 

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ယနေ့အထိ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး တော်လှန်ရေးကို စဉ်ဆက်မပြတ် ဝိုင်းရံပေးနေကြသော ရဲရင့်သည့်မြန်မာပြည်သူတစ်ရပ်လုံး၏ တော်လှန်စိတ်ဓာတ်ကို ညီနောင်မဟာမိတ် (၃)ဖွဲ့မှ အလေးနက်ထား ချီးကျူးဂုဏ်ပြုသည်ဟုလည်း ဆိုသည်။ 

ကြံ့ကြံ့ခံသော စိတ်ဓာတ်၊ နောက်မဆုတ်သော စိတ်ဓာတ်တိုဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ကြရန်ကိုလည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: 3 Brotherhood Alliance (AA+MNDAA+TNLA)