ပခုက္ကူမြို့အဝင် သုဿန်အနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များ၀င်ပစ်

ပခုက္ကူမြို့အဝင် သုဿန်အနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များ၀င်ပစ်

မကွေးတိုင်း ပခုက္ကူမြို့အဝင် သုဿန်အနီးတွင်စစ်ဆေးနေ​သော စစ်ကောင်စီဂိတ်အား တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ်သြဂုတ်လ (၁၇)ရက်နေ့တွင် ၀င်ပစ်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်တစ်လက် သိမ်းဆည်းရရှိကြောင်း Burma Revolution Rangers (B.R.R)ထံမှ သိရသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား(၃)ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ပြီး​​ ဂိတ်အားဝင်ရောက်ရှင်းလင်းရာ AK (၁)လက်၊ AKကျည်ဘောက် (၁)ဘခု၊ ICON (၃)လုံးနှင့် စစ်အသုံးဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တပ်ခွဲ(၁) တပ်စိပ်(၁)၊ Burma Revolution Rangers (B.R.R)၊ Royal Defense Force (R.D.F)၊ Pakokku People Defense Force (P.P.D.F)၊ ဒေါင်းစစ်သည်နှင့် မြိုင် ပကဖ တို့က

ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Burma Revolution Rangers