သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရ

သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁)ဦးသေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် (၅)ရက်အတွင်း အရပ်သား (၁၁) ဦးသေဆုံးပြီး (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၄ခုနှစ် သြဂုတ်လ (၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၅)ရက်အတွင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၄) ဦး သေဆုံးခဲ့ရကြောင်းသိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင်(၁)ပါးနှင့် ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြို့ခံပြည်သူများလည်း ကျောက်မဲမြို့၊ နမ့်လန်နှင့် ပန်လုံဘက်သို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မြောက်ပိုင်းညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း (ရမခ)အပါအဝင် မြို့များကို စွန့်လွှတ်ခဲ့ရပြီး စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် ရှုံးမဲမဲကာ ပြည်သူလူထုအားဦးတည်၍ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း TNLA က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News