စစ်ကိုင်းတိုင်း၊ အရာတော် - မုံရွာလမ်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တင့်ကားများ တင်ဆာင်လာသည့် ယာဉ်တန်းကို ဧပြီလ(၇)ရက်နေ့ ညပိုင်းက တိုက်ခဲ့ရာ ကားနှစ်စီးပျက်စီးသွားကြောင်း Knights Of The Red Land(KORL)တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဒေသမဟာမိတ်တပ်များက မုံရွာမှ အရာတော်သို့ ဦးတည်မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ တင့်ကားများသယ်ဆောင်လာသော ယာဉ်(၉)စီးပါ ကားတန်းကို ရေနံဘိုရွာနှင့် ဝါးတန်းရွာကြားတွင် ပဒေသာမိုင်း(၅)လုံး၊ တူမီးရှေ့ထွက်ကြီး(၂)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကားပေါ်ရှိ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး အသေအပျောက်ရှိနိုင်သည်ဟု ဆိုသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု အပြီးတွင် ကားတစ်စီးမှာ ရှေ့သို့ ဆက်မသွားတော့ဘဲ ဒဏ်ရာရသူများ တင်ဆောင်ပြီး မုံရွာဘက်သို့ ပြန်လည်မောင်းနှင်သွားခဲ့ကြောင်း သိရသည်။
၎င်းတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးမဟာမိတ်တပ်များဖြစ်သည့် Knights Of The Red Land(KORL) ပြောက်ကျားတပ်ဖွဲ့နှင့် ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့တို့မှ ဦးဆောင်၍ သပြေ ညိုပျောက်ကြားတပ်ဖွဲ့၊ Ayadaw Bone Naing (A.B.N.PDF)၊ Ayadaw Falcon Force(AF2)AMT မြေပြင် ပျောက်ကြားတပ်ဖွဲ့၊ Excellent Flag တပ်ဖွဲ့၊ M.R.T.F တပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF)တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။