ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းမှ စစ်သားများ တင်ဆောင်လာသည့် အိမ်စီးကား နှစ်စီးအား လမ်းတွင် PDF မှ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းမှ စစ်သားများ တင်ဆောင်လာသည့် အိမ်စီးကား နှစ်စီးအား လမ်းတွင် PDF မှ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းမှ စစ်သားများ တင်ဆောင်လာသည့် အိမ်စီးကား (၂) စီးအား လမ်းတွင် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ရေစကြိုမြို့နယ် (ပ.က.ဖ) ထံမှ သိရသည်။

ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းမှ စစ်သားများ တင်ဆောင်လာသည့် အိမ်စီးကား (၂)စီးအား သြဂုတ်လ (၁၀) ရက်နေ့ ည (၈) နာရီခန့်တွင် ခလရ (၂၅၈) နှင့် တောင်အိုတာတိုင် စစ်ဆေးရေးဂိတ်ကြား လမ်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်သားများတင်ဆောင်လာသည့် ကားသည် လမ်းဘေးထိုးရပ်သွားပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ ၊ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၂)ဦး သေဆုံးနိုင်ပြီး၊ (၂)ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် (ပ.က.ဖ) က ဆိုသည်။

ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် တောင်အိုတာတိုင်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာခဲ့ပြီး လမ်းဘေးတွင်ထိုးရပ်သွားသည့်ကားအား လာရောက် ဆွဲယူသွားကြောင်း ရေစကြိုမြို့နယ် (ပ.က.ဖ) ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၇) ရက်နေ့ကလည်း မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ရေစကြိုမြို့နယ် သဲပုံအရှေ့ရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency