နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ သန်းခေါင်စာရင်းအား ကောက်ခံသွားမည်ဖြစ်ပြီး ပြည်သူများ မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေဆိုရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်ဆို

နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ သန်းခေါင်စာရင်းအား ကောက်ခံသွားမည်ဖြစ်ပြီး ပြည်သူများ မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေဆိုရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင်ဆို

နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ သန်းခေါင်စာရင်းအား ကောက်ခံသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန်ဖြေဆိုရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီ ထိန်းချုပ်ထားသည့် မီဒီယာမှတဆင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့တွင် ပြောသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် ကောက်ယူသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင်လည်း ကြိုတင်ပြင်ဆင်ထားမှု အခြေအနေအရ မြေပြင်ကွင်းဆင်း စာရင်းကောက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

“အရေးကြီးဆုံးက မေးခွန်းတွေကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဖြေဆိုပေးကြဖို့လိုအပ်ပါတယ်။ မိမိအတွက်၊ မိမိ မိသားစုအတွက်၊ မိမိသားစဉ်မြေးဆက်အတွက်၊ နိုင်ငံတော်အတွက် အနည်းဆုံး ၁၀ နှစ်စာ စီမံဆောင်ရွက်နိုင်တဲ့ အခြေခံအချက်အလက်များ ရရှိစေနိုင်တဲ့ အကျိုးရှိတဲ့လုပ်ငန်းတစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။

နိုင်ငံတော်၏ အနာဂတ်နှင့် ပြည်သူများ၏ မျှော်လင့်ချက်နှင့် လိုအပ်ချက်များကို ပုံဖော်ပေးနိုင်ရန်အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများတွင် မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် စစ်ခေါင်းဆောင်က ထပ်လောင်းပြောဆိုခဲ့သည်။

#TachileikNewsAgency