သာစည်မြို့နယ် ခွေးရုပ်ကျေးရွာအတွင်း တောင်ကျချောင်းရေစီးကာ မြေပြိုမှုကြောင့် အကူအညီ လိုအပ်နေ

သာစည်မြို့နယ် ခွေးရုပ်ကျေးရွာအတွင်း တောင်ကျချောင်းရေစီးကာ မြေပြိုမှုကြောင့် အကူအညီ လိုအပ်နေ

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၌အတွင်း ခွေးရုပ်ကျေးရွာတွင် တောင်ကျချောင်းရေစီးကာ မြေပြိုကျခြင်းကြောင့် နေအိမ်(၇)လုံး မျောပါသွားပြီး လမ်းပန်းဆက်သွယ် ရေးပြတ်တောက်နေကာ အကူအညီ လိုအပ်နေကြောင်း သိရသည်။

အဆိုပါ ကျေးရွာသည် ကလော View Point အောက်ဖက် မြင်းဒိုက်ဆင်တောင်အောက်တွင်ရှိပြီး တောင်ကျချောင်းရေ ကျဆင်းခြင်းကြောင့် ဘူတာအနီးရှိ နေအိမ်(၇)လုံး အနောက်ဖက်ချောက်ကမ်းပါးသို့ ရေ စီးပါသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ကိုင်နေကြရပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေခြင်းကြောင့် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့အထိ စားသောက်ရေး နှင့် အကူအညီများလိုအပ်ကာ အခက်အခဲဖြစ်နေသည်ဟု သိရသည်။

အဆိုပါ ဒေသနှင့်ပတ်သက်ပြီး ကျေးရွာလူကြီးများဖြစ်သည့် ဦးမောင်မောင်လေး ဖုန်း 094 44583020 နှင့် 09670718702၊ ဦးဆန်းဝင်း ဖုန်း 09402049420 နှင့် ဦးကျော်ညွှန့် ဖုန်း 09403768381 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး ကူညီနိုင်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: IrisNwe Ni Lay