အာဏာသိမ်း စစ်ကောင်စီနှင့် ဝေစားမျှစား လုပ်နေသည့် ရှေ့နေများကို PDF က နောက်ဆုံး သတိပေး

အာဏာသိမ်း စစ်ကောင်စီနှင့် ဝေစားမျှစား လုပ်နေသည့် ရှေ့နေများကို PDF က နောက်ဆုံး သတိပေး
ဇန်နဝါရီ 24, 2022 | အခြားဒေသများ

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှ ရပ်ကျေးအဖွဲ့ဝင်များ၊ ပျူစောထီးများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို အထောက်အပံ့မပြုရန်နှင့် အာဏာသိမ်းအဖွဲ့နှင့် ဝေစားမျှစားလုပ်နေသည့် ရှေ့နေများ လုပ်ရပ်များ ရပ်တန့်ကြရန်  လောင်းလုံ PDF က ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် နောက်ဆုံးအကြိမ် သတိပေးစာထုတ်ထားသည်ကို တွေတွေ့ရသည်။

စစ်ကောင်စီခန့် ရပ်ကျေးအဖွဲ့ဝင်များ၊ ပျူစောထီးများ၊ စစ်ကောင်စီနှင့်ပေါင်းသော ရှေ့နေများသည် ကျေးရွာများအတွင်း လယ်မြေများအ‌ပေါ်မြေဖို့ခြင်း၊ ထောက်ခံစာများထုတ်ပေးပြီး ငွေကောက်ခံခြင်း၊ ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ ငွေတောင်းခံခြင်း၊ စစ်ကောင်စီပေါင်းဖော်ရှေ့နေများက စာချုပ်စာတန်းများဆောင်ရွက်ပြီး စစ်ကောင်စီလက်ကိုင်တုတ်များနှင့် အတူ ဝေစား၊ မျှစားများဖြစ်ပေါ်နေသည်ကို သိရှိထားပြီး နောက်ဆုံးအကြိမ်အဖြစ် သတိပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီခန့် ရပ်ကျေးအဖွဲ့ဝင်များကို စစ်ကောင်စီသို့ ဘဏ္ဍာငွေ ရှာပေးရေးစနစ်တွင် မပါဝင်ရန် အကြိမ်ကြိမ်သတိပေးထားပြီးဖြစ်သော်လည်း ဆက်လက်လုပ်ကိုင်နေခြင်းများရှိနေသဖြင့် လောင်းလုံ PDF က ၎င်းတို့စာရင်းကို အတိအကျရရှိပြီး အနီးကပ်စောင့်ကြည့်နေကြောင်း ထုတ်ပြန်သည်။