ရေးမြို့နယ် မြို့ဟောင်းရွာတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ(AD) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ရေးမြို့နယ် မြို့ဟောင်းရွာတွင် စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ(AD) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

မွန်ပြည်နယ် ရေးခရိုင် ရေးမြို့နယ် မြို့ဟောင်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကြောင်း မွန်ပြည်သစ်ပါတီ (AD)မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရေးမြို့နယ် ကမော့ကနင်ကျေးရွာ အခြေချ စစ်ကောင်စီတပ် ခလရ(၁၀၆) နှင့် ခမရ(၅၈၈) ပူးပေါင်းအင်အားဖြည့်ထားသည့် အင်အား (၁၂၀) ခန့်သည် သြဂုတ်လ (၈)ရက်နေ့တွင် မြို့ဟောင်းကျေးရွာသို့ ဝင်ရောက်လာစဉ် ညနေ (၃)နာရီ ခန့်မှ စတင်ပြီး ည (၉) နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (AD) က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား မွန်ပြည်သစ်ပါတီ(AD) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency