ကျောက်ဆည်မြို့ရှောင်လမ်းတွင် ဆီသယ်ယာဉ်တစ်စီး မီးလောင်

ကျောက်ဆည်မြို့ရှောင်လမ်းတွင် ဆီသယ်ယာဉ်တစ်စီး မီးလောင်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်းတွင် ဆီသယ်ယာဉ်  (၁)စီး ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းက  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့် ဆီသယ်ယာဉ်ကို ကျောက်ဆည်ခရိုင်၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၄)စီး၊ စဉ့်ကိုင်မြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ တံတားဦးမြို့နယ် မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် မြန်မာပြည်တဝှမ်း စက်သုံးဆီပြတ်လပ်နေသဖြင့် ဆီဆိုင်များတွင် ပြည်သူများ တိုးဝှေ့ဝယ်ယူနေကြရကာ ခိုက်ရန်ဖြစ်ပွားမှုများပင်ရှိနေသည်။

#TachileikNewsAgency

Photo: Myanmar Fire Services Department