တောင်သာမြို့နယ် တောင်သာ-ကျော်ပန်တောင်းလမ်းရှိ စစ်ကောင်စီစခန်းငယ်ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

တောင်သာမြို့နယ် တောင်သာ-ကျော်ပန်တောင်းလမ်းရှိ စစ်ကောင်စီစခန်းငယ်ကို တော်လှန်ရေးတပ်များ သိမ်းပိုက်

မန္တလေးတိုင်း တောင်သာမြို့နယ် တောင်သာ-ကျော်ပန်တောင်းလမ်းရှိ စစ်ကောင်စီတပ်ကို ၂၀၂၄ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့က ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

တောင်သာမြို့နယ် ၀ဲလောင်ရွာ လျှပ်စစ်ဓါတ်အားခွဲရုံစောင့် စစ်ကောင်စီတပ်၏ တောင်သာ-ကျောက်ပန်း တောင်းရမ်း စိုးမိုးရေးအတွက် အထိုင်ချတပ်စွဲထားသော စစ်ကြောင်း စခန်းငယ်တစ်ခုအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား(၄)ဦးသေပြီး စခန်းစွန့်ထွက်ပြေးကြသဖြင့် စစ်ကောင်စီဘန်ကာများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ 

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ G2 တစ်လက်၊ M1 ကာဘိုင်တစ်လက်၊ ပွိုင့် ၂၂ တစ်လက်၊ G3 ကျည် (၃၂၉)တောင့်၊ ကာဘိုင်ကျည် (၈၀)တောင့်၊ အီနာဂါနှစ်လုံး၊ ပွိုင့် ၂၂ ကျည် တစ်တောင့်၊ ဖုန်း(၂)လုံး၊ ဆိုင်ကယ်(၂)စီး၊ လက်ပစ်ကူး (၂)လုံး၊ အိုင်ကွန် တစ်ခုတို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပကဖ၊ မြင်းခြံခရိုင်တပ်ရင်း (၉)၊ နေ့ပြည်တော်တပ်ရင်း(၈၀၁)၊ တောင်သာမြို့နယ် ပလဖ တို့ပါဝင်သည်။

#TachileikNewsAgency