NUG နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့တို့ အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေး သဘောတူညီ

NUG နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့တို့ အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေး သဘောတူညီ
ဖေဖော်ဝါရီ 22, 2024 | 2021 Military Coup| အခြားဒေသများ

 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဝန်ကြီးများနှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးကာ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များ အပြီးတိုင် တိုက်ဖျက်နိုင်ရေး သဘောတူညီခဲ့ကြသည်ဟု မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင်ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)မှ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုခေါင်းဆောင်(၁) နိုင်ဗညားလယ်၊ ဒုအဖွဲ့ခေါင်းဆောင်(၂)ဗိုလ်ချုပ် လယိဂကောင်းနှင့် မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးအဖွဲ့တာဝန်ခံ၊ နိုင်ငံခြားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။



နှစ်ဘက်ခေါင်းဆောင်များသည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင် စနစ်များ အပြီးတိုင် တိုက်ဖျက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ခိုင်မာသော မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် ကဏ္ဍအားလုံးတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် သဘောတူခဲ့ကြကာ မဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားလုံးအတွက် စဉ်ဆက်မပြတ် ဆွေးနွေးသွားရန်လည်း သဘောတူညီခဲ့ကြောင်း သိရသည်။