ပခုက္ကူမြို့လေဆိပ်၌ တပ်စွဲထားသည့် စစ်သားနှင့်ပျူစောထီးများအား ဒရုန်း ၅ စီးဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

ပခုက္ကူမြို့လေဆိပ်၌ တပ်စွဲထားသည့် စစ်သားနှင့်ပျူစောထီးများအား ဒရုန်း ၅ စီးဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့ လေဆိပ်၌ လာရောက်တပ်စွဲထားသည့် စစ်သားနှင့်ပျူစောထီးများအား ဒရုန်း (၅)စီးဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ကြောင်း Shwe Nyar Myae PDF က ၂၀၂၄ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့ လေဆိပ်၌ လာရောက်တပ်စွဲထားသည့် စစ်သားနှင့်ပျူစောထီးများအား ၂၀၂၄ ခုနှစ် သြဂုတ်လ (၆)ရက်နေ့ နေ့လယ်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း (၅)စီးဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများရှိရာ စက်ယန္တရားနှင့် ကားအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၊ စစ်သားနှင့် ပျူစောထီးများထိခိုက်မှုနှင့် စက်ယန္တရားများ ပျက်စီးမှုရှိခဲ့ကြောင်း Shwe Nyar Myae PDF က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ဒေါင်းသွေးနီ၊ ‌ဒေါင်းအလံလွှင့်မည့်စေတမာန်၊ မြိုင်Air fighter၊ ပခုက္ကူပကဖ၊ မြိုင်ပကဖ၊ PKU N PDF နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ Shwe Nyar Myae PDF တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency