စစ်ကောင်စီ၏ သံချပ်ကာယာဉ်(၂)စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းအမျိုးသားတော်လှန်ရေးတပ်များကို NUGက ငွေကျပ်သိန်းလေး‌ထောင်ချီးမြှင့်

စစ်ကောင်စီ၏ သံချပ်ကာယာဉ်(၂)စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းအမျိုးသားတော်လှန်ရေးတပ်များကို NUGက ငွေကျပ်သိန်းလေး‌ထောင်ချီးမြှင့်

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်(၂)စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းအမျိုးသားတပ်ဦး(CNF) ပူးပေါင်းချင်းအမျိုးသား ကာကွယ်ရေးတပ်များကို NUGက ငွေကျပ်သိန်း(၄၀၀၀) ချီးမြှင့်လိုက်ကြောင်း သိရသညိ။

ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၄)ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၂၂)ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းဝေးတွင် ယင်းသို့ ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ချင်းတော်လှန်ရေးအင်အားစုများသည် စစ်အုပ်စု၏ သံချပ်ကာယာဉ် (၂)စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့သဖြင့် စိစစ်ချီးမြှင့်ရေးအဖွဲ့က NUG ၏ ထုတ်ပြန်ကြေညာချက်နှင့်အညီ သံချပ်ကာယာဉ် တစ်စီးကို ကျပ်သိန်း(၂၀၀၀)ဖြင့် (၂)စီးအတွက် ကျပ်ငွေသိန်း (၄၀၀၀)အား ချင်းပြည်နယ် CNF ပူးပေါင်း CDAs ၏ တာဝန်ရှိသူများထံ ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု သိရသည်။

"ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူးလေးစားဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။"ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 

ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၃)ရက်နေ့က ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီ၏ သံချပ်ကာကား(၂)စီးနှင့် ယာဉ်တန်းကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : CNF