ပေါင်းတည်မြို့နယ်အတွင်း ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်၏ ဆိုင်ကယ်အဖွဲ့ကို PDF က ကြားဖြတ်တိုက်ခိုက်ရာမှ (၂)ဦး သေဆုံး

ပေါင်းတည်မြို့နယ်အတွင်း ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်၏ ဆိုင်ကယ်အဖွဲ့ကို PDF က ကြားဖြတ်တိုက်ခိုက်ရာမှ (၂)ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း သိမ်ကုန်းကျေးရွာမှ လဲပင်ကျေးရွာသို့ ရိက္ခာလာပို့သည့် အာဏာသိမ်းစစ်‌ကောင်စီတပ်၏ ဆိုင်ကယ်များကို ဧပြီလ(၅)ရက်နေ့ နေ့လည်ပိုင်းက PDF ပြည်ခရိုင်တပ်ရင်း(၃၆၀၁)  ၊ တပ်ခွဲ(၁)မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၂)ဦး သေကြောင်း ပဲခူးခရိုင် PDF က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်များက အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် (၈)ဦးပါ ဆိုင်ကယ်(၄)စီးအား ငါးရှဉ့်ကွင်းကျေးရွာအနီး၌ စောင့်ဆိုင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့‌ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် မတ်လ(၁၅)ရက်က ပေါင်းတည်မြို့နယ်၊ လဲပင်ကျေးရွာရှိ ဒေသခံနေအိမ် (၁၄)လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး မတ်လ(၂၀)ရက်တွင် စစ်ဘေးရှောင်များအား ဆန်သွားလှူသည့် ၎င်းရွာမှ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးသွား ကြောင်း သိရသည်။