မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းဆုံအနီးရှိ စစ်ကောင်စီဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းဆုံအနီးရှိ စစ်ကောင်စီဂိတ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းဆုံအနီးရှိ ခရေပင်လမ်း အမှတ် (၉၈၁) စစ်ကောင်စီဂိတ်အား ၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ကို ဂုဏ်ပြုသောအားဖြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း Dark Shadow တပ်ဖွဲ့ထံမှ သိရသည်။

ခရေပင်လမ်းဆုံအနီးရှိ ခရေပင်လမ်း အမှတ် (၉၈၁) စစ်ကောင်စီဂိတ်အား ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ ည (၇)နာရီခွဲတွင် အဝေးထိန်းမိုင်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပက်သက်ပြီး ထိခိုက်မှု တစုံတရာ သိရှိရခြင်း မရှိသေးသော်လည်း အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ဆိုသည်။

ဆက်လက်၍ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်များကို ဆက်တိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပက်သက်သည့် နေရာများ ၊ စစ်ကောင်စီမှ ရဲ ၊ စစ်တပ် ၊ ပျူစောထီးနှင့် အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာနေရာများသို့ သွားလာခြင်းမပြုကြရန် Dark Shadow တပ်ဖွဲ့မှ အသိပေးထားသည်။

#TachileikNewsAgency

Photo : မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စစ်တပ်ဂိတ်ကင်းစခန်းတစ်ခုကို ၂၀၂၄ ခုနှစ် ဧပြီလက တွေ့ရစဥ် (ပုံဟောင်း)