သီပေါတွင် ရေလယ်ဘုရားကျောင်း ဗုံးကြဲခံရ ရဟန်းတစ်ပါး အပါအဝင် နှစ်ဦးအသက်ဆုံးရှုံး

သီပေါတွင် ရေလယ်ဘုရားကျောင်း ဗုံးကြဲခံရ ရဟန်းတစ်ပါး အပါအဝင် နှစ်ဦးအသက်ဆုံးရှုံး

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်ရှိ နောင်ကော်ကြီးကျေးရွာ ရေလယ်ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် ဦးပဥ္ဇင်းတစ်ပါးနှင့် ရဟန်းမိခင်တို့ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။

နမ့်လန်မြို့အနီးရှိ နောင်ကော်ကြီးကျေးရွာမှ ရေလယ်ဘုရားကျောင်းငယ်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ (၆)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင် ဗုံးကြဲချသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ရေလယ်ဘုရားကျောင်းငယ်တွင် သီတင်းသုံးဝါဆိုနေသည့် ဦးပဥ္ဇင်းနန္ဒဇေန ပျံလွန်တော်မူသွားပြီး ရဟန်းမယ်တော် (မိခင်)တစ်ဦးလည်း သေဆုံးသွားကြောင်းသိရသည်။

ယင်းအပြင် ရဟန်းတစ်ပါးလည်း ဒဏ်ရာပြင်းထန်စွာရရှိထားပြီး ဘုရားကျောင်းမှာလည်း ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency 

ဓါတ်ပုံ - CJ