ပခုက္ကူလေဆိပ်၌ တပ်စွဲနေသည့် စစ်သားနှင့်ပျူစောထီးများအား နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်

ပခုက္ကူလေဆိပ်၌ တပ်စွဲနေသည့် စစ်သားနှင့်ပျူစောထီးများအား နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူလေဆိပ်၌ တပ်စွဲနေသည့် စစ်သားနှင့် ပျူစောထီးများအား PDF ပူးပေါင်းတပ်ဖွဲ့များမှ နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ကြောင်း Shwe Nyar Myae PDFထံမှ သိရသည်။

 

ပခုက္ကူလေဆိပ်၌ တဲများဆောက်လုပ်ကာ တပ်စွဲနေထိုင်သည့် ဟင်္သာပျူရွာနှင့် ဆင်မရဲပျူရွာမှ စစ်သားနှင့်ပျူစောထီးအား ဇူလိုင်လ (၁၄)ရက်နေ့ နေ့လယ်ခင်းမှ စတင်ကာ ညပိုင်းအထိ PDF ပူးပေါင်းတပ်ဖွဲ့များမှ Rocket (၁၅)လုံး နှင့် ဒရုန်းများဖြင့် ဗုံးသီး (၂၀)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ဇူလိုင်လ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပခုက္ကူလေဆိပ်၌ တပ်စွဲနေထိုင်သည့် စစ်သားနှင့်ပျူစောထီးများသည် ပြည်သူများအား သတ်ဖြတ်ခြင်း ၊ ပြည်သူပိုင်ပစ္စည်းများအား ဖျက်စီးယူဆောင်ခြင်းနှင့် အနီးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခြင်းတို့ကို လုပ်ဆောင်နေသူများဖြစ်ကြောင်း Shwe Nyar Myae PDF မှ ဆိုသည်။

ဇူလိုင်လ (၁၅) ရက်နေ့တွင်လည်း အဆိုပါ စစ်သားနှင့်ပျူစောထီးများအား မနက်အစောပိုင်းမှ စတင်ကာ ညပိုင်းအထိ တစ်နေကုန် PDF ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး (၁၅)လုံး၊ Rocket (၂၀)လုံးနှင့် ဒရုန်းများဖြင့် ဗုံးသီး (၃၇)လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နှစ်ရက်တာအတွင်း တိုက်ခိုက်မှုများကြောင့် စစ်သားနှင့်ပျူစောထီး (၅)ဦးထက်မနည်း သေဆုံးနိုင်ပြီး ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့တပ်စွဲနေသည့် တဲများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း Shwe Nyar Myae PDF မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ကမ္မမှ မဟာမိတ်တပ်ဖွဲ့များနှင့် Shwe Nyar Myae PDF တို့မှ ပူးပေါင်းဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Shwe Nyar Myae PDF