တစ်နိုင်ငံလုံး ရေဘေးကြောင့် ပူဆွေး သောကရောက်နေချိန်တွင် စစ်ကောင်စီ လေတပ်က သီပေါမြို့နယ်အတွင်း တပ်စခန်း တစ်နေရာကို ဗုံးအလုံးပေါင်း (၈၀) ကြဲချ

တစ်နိုင်ငံလုံး ရေဘေးကြောင့် ပူဆွေး သောကရောက်နေချိန်တွင် စစ်ကောင်စီ လေတပ်က သီပေါမြို့နယ်အတွင်း တပ်စခန်း တစ်နေရာကို ဗုံးအလုံးပေါင်း (၈၀) ကြဲချ
စက်တင်ဘာ 17, 2024 | 2021 Military Coup| ရှမ်းမြောက်

 တစ်နိုင်ငံလုံး ရေဘေးကြောင့် ပူဆွေး သောကရောက်နေချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်သည် သီပေါမြို့နယ်အတွင်း ၎င်းတို့၏ တပ်စခန်းနေရာကိုပင် လေကြောင်းဖြင့် ဗုံးလုံးပေါင်း (၈၀) ကြဲချကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်းရှိ ခလရ(၂၃)တပ်စခန်းကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့က စစ်ကောင်စီ၏ လေတပ်က Y-12 ဖြင့် (၁၃)ကြိမ် လာရောက်ပြီး ဗုံးအလုံးပေါင်း (၈၀)ကြဲချခဲ့ကြောင်း  နှင့် ထောက်ပို့ယာဉ်ဖြင့် လက်နက်ခဲယမ်းများ  လာရောက် ကြဲချပေးခဲ့ကြောင်းလည်း PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ထားသည်။

 ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့၏ နံနက်(၂)နာရီကနေ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်အထိ နောင်ချိုမြို့နယ်အတွင်းရှိ အမတ (၃၅၄)တပ်စခန်း၊ တောင်ခမ်းရွာအနီးတ၀ိုက်၊ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနှင့် မကျီးရေရွာအနီးတ၀ိုက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်အတွင်းသို့  ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။