တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား မြိတ်ခရိုင် PDFနှင့် ပကဖများမှ ကူညီကယ်ဆယ်ရေးပြုလုပ်

တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအား မြိတ်ခရိုင် PDFနှင့် ပကဖများမှ ကူညီကယ်ဆယ်ရေးပြုလုပ်

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ရေဘေးသင့် ပိတ်မိ ပြည်သူများအား မြိတ်ခရိုင် PDFနှင့် ပကဖများမှ ကူညီကယ်ဆယ်ရေး ပြုလုပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

​၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့မှ စတင်၍ တနင်္သာရီမြစ်ရေ မြင့်တက်လာခြင်းကြောင့် တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်တွင်းရှိ ကျေးရွာများတွင် ရေဘေးသင့်ပြည်သူများ ပိတ်မိနေခဲ့ကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့် ပိတ်မိ ပြည်သူများအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြိတ်ခရိုင် တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးနေ​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သြဂုတ်လ (၄)ရက်နေ့တွင် အသိပေးသည်။

#TachileikNewsAgency

Photo: MOD NUG