သထုံမြို့နယ်ရှိ ၃/၁၃၄ တံတား မိုင်းခွဲခံရသဖြင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်း သွားလာမရဖြစ်နေ

သထုံမြို့နယ်ရှိ ၃/၁၃၄ တံတား မိုင်းခွဲခံရသဖြင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်း သွားလာမရဖြစ်နေ

မွန်ပြည်နယ် သထုံမြို့နယ် ကမာစိုင်‌ကျေးရွာရှိ ၃/၁၃၄ တံတားယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၂)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲခံရခြင်းကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်း သွားလာမရဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တံတားသည် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်တွင်ရှိပြီး မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြားရှိ သံကူကွန်ကရစ်အမျိုးအစား ၃/၁၃၄ တံတားဖြစ်ကြောင်း သိရသည်။

တံတားကျိုးကျပျက်စီးသွားသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရတော့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ