မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို မန္တလေး PDF ထပ်သိမ်းပိုက်ရာ စခန်းပေါင်း ၃၅ ခုအထိရှိလာ

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို မန္တလေး PDF ထပ်သိမ်းပိုက်ရာ စခန်းပေါင်း ၃၅ ခုအထိရှိလာ

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း (၇)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထပ်မံသိမ်းပိုက်ရရှိထားကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်းရှိ ငါးလုံးပြွန်ကျေးရွာတပ်စခန်း၊ တောင်ကန်ကျေးရွာ တပ်စခန်း၊ အောင်သပြေကျေးရွာ တပ်စခန်း၊ အောင်သပြေကားကွင်း တပ်စခန်း၊ မြိုကုန်းရွာ တပ်စခန်း၊ ထန်းပင်ကုန်းရွာ တပ်စခန်းနှင့် ဘိုကုန်းရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိထားသည်ဟု ဆိုသည်။   

ထို့ကြောင့် မတ္တရာမြို့နယ်အတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်း အရေအတွက်မှာ (၃၅)ခု ရှိခဲ့ပြီဖြစ်ပြီး သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။  

မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတားကျေးရွာနှင့် မြကန်သာကျေးရွာတို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

#TachileikNewsAgency