ဇွန်လအတွင်း မြင်းခြံခရိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိ

ဇွန်လအတွင်း မြင်းခြံခရိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၅ ဦး ဖမ်းဆီးရမိ

ဇွန်လအတွင်း မြင်းခြံခရိုင်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးအဆင့်ရှိသူ (၁) ဦး အပါအဝင် စစ်သုံ့ပန်း (၅)ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း မြင်းခြံခရိုင် အမှတ်-၄ တပ်ရင်း Natogyi People Defence Force တပ်ဖွဲ့ထံမှ သိရသည်။ 

၂၀၂၄ခုနှစ် ဇွန်လ (၂) ရက်နေ့မှစ၍ ဇွန်လ (၂၅) ရက်နေ့အထိ မြင်းခြံခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ (၁၂) ကြိမ်နှင့်အထက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၄၀)ဦးနှင့်အထက် သေဆုံးကြောင်း Natogyi People Defence Force တပ်ဖွဲ့မှ ဇွန်လ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ RPG-7 (၁)လက်၊ ငါးဂျင်းမီး စက်လတ် (၁)လက်၊ 45 စိန်ပြောင်း (၁)လက်၊ Ma 1 (၄) လက်၊ Ma 2 (၁) လက်၊ Ma 3 (၄) လက်၊ G3 (၅) လက်၊ အူစီ (၂)လက်၊ Ma 5 ပစ္စတို (၂)လက်၊ ကျည်မျိုးစုံ (၃၀၀၀)ကျော်နှင့် အခြားသော ခဲယမ်းပစ္စည်းပေါင်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများကို မြင်ခြံခရိုင်အမှတ်-၄တပ်ရင်းနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး၊ မြင်းခြံမြို့နယ်-ပကဖ၊ နွားထိုးကြီးမြို့နယ်-ပကဖ၊ တံတားဦးမြို့နယ်-ပကဖ၊ မြင်းခြံခရိုင်-Droneတပ်ဖွဲ့နှင့် မြင်းခြံခရိုင်အတွင်းရှိသည့် အခြားသော မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency