ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ချင်းပူးပေါင်းတပ်များသိမ်းပိုက်

ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ချင်းပူးပေါင်းတပ်များသိမ်းပိုက်

ချင်းပြည်နယ် ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းအမာခံစခန်း Auto တောင် စခန်း(၃)ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။ 

ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ ထန်တလန်မြို့ရံ ရှေ့တန်းအမာခံစခန်းဖြစ်သည့် Auto တောင် စခန်း(၃)ခုတွင် စစ်ကောင်စီ၏ တပ်မ(၇၇)လက်အောက်ခံတပ်ရင်းများ အထိုင်ချသည့်နေရာဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်မှုအတွင်း လက်နက်များကိုလည်း သိမ်းဆည်းရရှိသည်ဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁၅)ဦး သေဆုံးပြီး (၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ အဆိုပါတပ်စခန်းများကို Chinland Council ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့မှ စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Chinland Information Center