မြောက်ဥက္ကလာ  ခြောက်ကွေ့တွင် ပေါက်ကွဲမှုဖြစ်ပွားသော်လည်း စစ်ကောင်စီတပ် လာမစစ်ရဲ

မြောက်ဥက္ကလာ  ခြောက်ကွေ့တွင် ပေါက်ကွဲမှုဖြစ်ပွားသော်လည်း စစ်ကောင်စီတပ် လာမစစ်ရဲ
ဒီဇင်ဘာ 31, 2021 | အခြားဒေသများ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ခြောက်ကွေ့၌ ယ‌နေ့ ဒီဇင်ဘာလ(၃၁)ရက်၊ ည(၉)နာရီကျော်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များစစ်ဆေးရန် ရောက်မလာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်းနှင့် ယခင်က ပေါက်ကွဲမှုဖြစ်ပွားလျှင် အကြမ်းဖက် စစ်ကောင်စီတပ်များမှ လာရောက် ပိတ်ဆို့စစ်ဆေးမှုများရှိခဲ့သော်လည်း ယခုဗုံးပေါက်ကွဲရာနေရာသို့ ရောက်လာခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

ယခုပေါက်ကွဲသော ဗုံးသည် မြောက်ဥက္ကလာပမြို့နယ်၊ ခြောက်ကွေ့ ဂက်(စ်)ဆိုင် အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ ည(၇)နာရီဝန်းကျင်ကလည်း မြောက်ဥက္ကလာပ မြို့မရဲစခန်းကို အမည်မသိ လက်နက်ကိုင်များက ဝင်ရောက်ပစ်ခတ်ခြင်းကြောင့် အကြမ်းဖက်စစ်‌ကောင်စီ  လက်အောက်ခံ ဒုရဲအုပ်တစ်ဦးသေဆုံးပြီး စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်ခြင်းများရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

 

ဆက်စပ်သတင်း

မြောက်ဥက္ကလာပ ရဲစခန်း ပစ်ခတ်မှုအတွင်း ဒုရဲအုပ်တစ်ဦး သေဆုံး