စစ်တပ်လော်ဘီများတောင်းဆိုသည့် လားရှိုး တိုင်းစစ်ဌာနချုပ်တပ်ရင်းများရှေ့တွင်ရိုက်ထားသည့် ဓာတ်ပုံများ MNDAA ဖော်ပြလာ

စစ်တပ်လော်ဘီများတောင်းဆိုသည့် လားရှိုး တိုင်းစစ်ဌာနချုပ်တပ်ရင်းများရှေ့တွင်ရိုက်ထားသည့် ဓာတ်ပုံများ MNDAA ဖော်ပြလာ
ဇူလိုင် 27, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို သိမ်းပိုက်ထားသည့် ဓာတ်ပုံများအား MNDAA က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီလော်ဘီများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်ပြီးပါက ဓာတ်ပုံရိုက်ပြဟုဆို၍ အဆိုပါစခန်းများရှေ့၌ MNDAA တပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ပြလာခြင်းဖြစ်သည်။

ထို့အပြင် လားရှိုးမြို့တွင်း၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများ၊ မြို့တော်ခန်းမရှေ့တို့တွင်လည်း ရိုက်ထားသည့်ဓာတ်ပုံများကို ဖော်ပြလာခြင်း‌ကြောင့် တပ်ရင်းများနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့တွင် စစ်ကောင်စီတပ်များ မရှိတော့သည်ကို မြင်တွေ့ရသည်။

စစ်ကောင်စီဘက်က ပြောဆိုရာတွင် MNDAA တပ်များသည်  အရပ်သားအသွင်ဆောင်၍ ရပ်ကွက်အချို့အတွင်း စိမ့်ဝင်ပြီး ရပ်ကွက်အတွင်းရောက်မှ ယူနီဖောင်းများပြန်လည်ဝတ်ဆင်ကာ Online ပေါ်တင်ရန် ဓာတ်ပုံများ ရိုက်ကူးနေသည်ဟု ပြောဆိုလိမ်လည်သည်။

(၂၃)ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင် (၂၅) ရက် နံနက် (၄) နာရီတွင် လုံးဝသိမ်းပိုက်နိုင်ခဲ့သည်။ 

လားရှိုးမြို့ကို လုံး၀လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာကာ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်ဟု MNDAA ဘက်က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: 3 Brother Alliance (AA+MNDAA+TNLA)