ရေဦးမြို့ရှိ ရွှေကျီးမင်းဂိတ်ကို PDF က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရေဦးမြို့ရှိ ရွှေကျီးမင်းဂိတ်ကို PDF က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးမြို့ အနောက်ဘက်အထွက် စစ်ကောင်စီတပ်သားများ ဂိတ်ဖွင့်တပ်စွဲထားသည့် ရွှေကျီးမင်းဂိတ်အား ရေဦး PDF က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

ရွှေကျီးမင်းဂိတ်ကို ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့ ညနေ (၅) နာရီခန့်တွင် ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ဒရုန်းတပ်စုမှ Fixed Wing Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများကို ဆက်လက်စုံစမ်းနေကြောင်း ရေဦး PDF မှ ဆိုသည်။

ရေဦးခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ အခြေချတပ်စွဲနေသည့်နေရာများကို ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ဒရုန်းတပ်စုမှ Fixed Wing Droneဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများ မကြာခဏပြုလုပ်လျှက်ရှိပြီး ယခုတိုက်ခိုက်မှုသည် မေလအတွင်း (၄) ကြိမ်မြောက် ဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ (၂၄)ရက်နေ့ကလည်း ရေဦးခရိုင် တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးများ အထိုင်ချနေထိုင်သည့်နေရာများကို ရေဦး PDF မှ Fixed Wing Drone များဖြင့် ဗုံးသီး (၄)လုံးချတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ရေဦးမြို့နယ်အခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့်ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF