စဉ့်ကူးတိုက်ပွဲ ဒုတိယဗိုလ်မှူးကြီးအပါ ၁၅ ဦးဖမ်းမိပြီး စခန်း ၁၁ ခုကို မန္တလေး PDF သိမ်း

စဉ့်ကူးတိုက်ပွဲ ဒုတိယဗိုလ်မှူးကြီးအပါ ၁၅ ဦးဖမ်းမိပြီး စခန်း ၁၁ ခုကို မန္တလေး PDF သိမ်း

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်အပါအဝင် (၁၅)ဦးကို အရှင်ဖမ်းမိပြီး တပ်စခန်း (၁၁)ခုကို သိမ်းပိုက်ကြောင်း မန္တလေး PDF ထံမှ သိရသည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်းနှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကာ စဉ့်ကူးမြို့နယ်အတွင်း ယခင်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်း (၆)ခု အပါအဝင် တပ်စခန်းသိမ်းပိုက်မှု (၁၁)ခုအထိ သိမ်းပိုက်နိုင်ပြီဟု ဆိုသည်။

စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်(OTC-19) အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ချ အလင်းဝင်သော ပျူစောထီးတပ်ဖွဲ့ဝင်များလည်း ရှိသည်ဟု သိရသည်။

ထို့အပြင် စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များအပါအဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးသည်ဟု သိရသည်။

#TachileikNewsAgency

Photo:Mandalay People's Defence Force