ပခုက္ကူမြို့နယ် မြောက်လူးကန် ကျေးရွာတွင် အထိုင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်

ပခုက္ကူမြို့နယ် မြောက်လူးကန် ကျေးရွာတွင် အထိုင်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်
စက်တင်ဘာ 6, 2024 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပခုက္ကူမြို့နယ် လေယာဉ်ကွင်း အနောက်ဘက် မြောက်လူးကန် ကျေးရွာအတွင်း၌ အထိုင်ချ တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ကြောင်း Southern YSO PDF ထံမှ သိရသည်။

မြောက်လူးကန်ကျေးရွာ၌ အင်အားရာဂဏန်းနီးပါးဖြင့် တပ်စွဲထားသည့် ကျေးရွာဘုန်းကြီးကျောင်း စခန်းကို ယနေ့  ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့ နေ့လယ် (၁၁)နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၉)ဦး မျက်မြင်သေဆုံးခဲ့ကာ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စခန်းသိမ်းမစ်ရှင် ပြုလုပ်ခဲ့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Southern YSO PDF က ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်မှ တပ်ဖွဲ့ဝင် (၂)ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Group (YRG)၊ ဒေါင်းသွေးနီ၊ ပြည်သူ့အားမာန်အဖွဲ့ နှင့် King Cobra တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency